သွေးလွန်တုပ်ကွေး (dengue) ဆိုတာ ပိုးရှိတဲ့ Aedes ခြင် (ခြင်ကျား) ကိုက်ခြင်းကနေ ကူးစက်တဲ့ ဗိုင်းရပ်စ် ပိုးဝင်မှု ဖြစ်ပါတယ်။ ဒီခြင်တွေက အဓိကအားဖြင့် နေ့ဘက်မှာ ကိုက်ပါတယ်။ လူတစ်ယောက်ကနေ တစ်ယောက်ကို တိုက်ရိုက် မကူးပါဘူး။
အပူပိုင်းနဲ့ အပူပိုင်းနီး နိုင်ငံတွေမှာ အဖြစ်များပါတယ်- အခု ကမ္ဘာ့ လူဦးရေရဲ့ ထက်ဝက်ခန့် က အန္တရာယ်ရှိတဲ့ နေရာတွေမှာ နေထိုင်နေပြီး တစ်နှစ်ကို ပိုးဝင်မှု 100 သန်းမှ 400 သန်း ခန့် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ပိုးဝင်မှု အများစုက ပေါ့ပါးပြီး တချို့ဆို လက္ခဏာ လုံးဝ မပြပါဘူး။ ပိုးဝင်သူ 4 ယောက်မှာ 1 ယောက် ခန့် နေမကောင်း ဖြစ်ပြီး နေမကောင်းဖြစ်သူ 20 ယောက်မှာ 1 ယောက် ခန့်က ပြင်းထန်သော သွေးလွန်တုပ်ကွေး (severe dengue) ဖြစ်လာပါတယ်။ ဒါက shock၊ ခန္ဓာကိုယ်တွင်း သွေးယိုစီးခြင်းနဲ့ သေဆုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် အမျိုးအစား လေးမျိုး ရှိပါတယ်။ တစ်မျိုး ဖြစ်ဖူးတာက ကျန်တဲ့ အမျိုးအစားတွေကနေ မကာကွယ်ပေးနိုင်ပါဘူး၊ ဒုတိယအကြိမ် ပိုးဝင်ရင် ပြင်းထန်သော သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေ ပိုမြင့်ပါတယ်။

