အစာအိမ်အက်ဆစ်တက်ခြင်း (acidity) ဆိုတာ အစာအိမ်အက်ဆစ် က အစာပြွန် ဒါမှမဟုတ် အစာအိမ်နံရံကို ယားယံ ထိခိုက်စေလို့ ဖြစ်တဲ့ လက္ခဏာတွေကို နေ့စဉ် ခေါ်ဝေါ်တဲ့ အမည်ပါ-
- အက်ဆစ်ပြန်တက်ခြင်း (acid reflux)- အက်ဆစ်က အစာအိမ်ကနေ လည်ချောင်းဘက်ကို ပြန်တက်လာတာ။
- ရင်ပူခြင်း (heartburn)- အက်ဆစ်ပြန်တက်လို့ ရင်ဘတ်ထဲမှာ ပူလောင်သလို ခံစားရတာ။
- GERD (GORD)- အစာအိမ်နဲ့ အစာပြွန် အက်ဆစ်ပြန်တက်ရောဂါ (gastro-oesophageal reflux disease)၊ အက်ဆစ်ပြန်တက်တာ ထပ်ခါထပ်ခါ ဖြစ်နေရင် ဆရာဝန်တွေ သုံးတဲ့ အမည်။
- အစာမကြေခြင်း (indigestion၊ dyspepsia)- စားပြီးနောက် မအီမသာ ဖြစ်ခြင်း၊ ဗိုက်ပြည့်သလို ခံစားရခြင်းနဲ့ လေချဉ်တက်ခြင်း၊ အများအားဖြင့် အဲဒီ အက်ဆစ်ကြောင့်ပဲ ဖြစ်တတ်။
လူအများစုမှာ ရင်ပူတာ ဒါမှမဟုတ် အစာမကြေတာ တခါတလေ ဖြစ်တတ်ပြီး အများအားဖြင့် ပြင်းထန်တဲ့ ရောဂါတစ်ခုခုရဲ့ လက္ခဏာ မဟုတ်ပါဘူး။

